ကွမ်းလုံ မတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲတွင် ကွမ်းလုံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းနွယ်မှ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်သည့် ကြောင်းအရာများနှင့် လူမှုဝန်ထမ်းဦးစီးဌာမှ ဆောင်ရွက်ပေးလျက်ရှိသည့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ဝေဝေဖြိုးမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။ ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)