သီပေါမြို့အတွင်း ရပ်ကွက်များမှ စာပေဝါသနာရှင်စာဖတ်သူပြည်သူများထံသို့ စာအုပ်များ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းများဆောင်ရွက်

သီပေါ မတ် ၁၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ စာဖတ်သူစာပေဝါသနာရှင်များထံသို့ စာအုပ်များ လက်ဝယ်အရောက်ငှားရမ်းပေးခြင်းကို  ယနေ့နံနက် (၉)နာရီခွဲက ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အနောက်ရပ်ကွက်နှင့်ရွှေကျောင်းရပ်ကွက်များရှိ စာဖတ်သူပြည်သူများကို ယခင်ငှားရမ်းပေးထားသောစာအုပ်များအား ပြန်လည်သိမ်းဆည်းပြီး ယခုအပတ်တွင် သုတ၊ ရသ စာအုပ်များကို ထပ်မံပြန်လည် ငှားရမ်းပေးခဲ့သည်။ ထိုသို့ငှားရမ်းပေးရခြင်းမှာ စာပေ တန်ဖိုးကို ချစ်မြတ်နိုးတတ်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို သိရှိစေ ရန်ရည်ရွယ်၍ သွားရောက် ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို သီပေါမြို့နယ် ပြန်/ဆက် ဝန်ထမ်းများက အပတ်စဉ်ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်များသို့ အလှည့်ကျသွားရောက် ငှားရမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)