ကျိုက်မရောဒေသထွက် ဒူးရင်းသီးများ စတင်ထွက်ရှိပြီး ပေါ် ဦးပေါ်ဖျားစျေးကောင်းရ

ကျိုက်မရော မတ် ၁၄

မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်  နိတုံကျေးရွာရှိ ယိုးဒယား ဒူးရင်းသီးမျိုးများ ပေါ် ဦးပေါ်ဖျား စတင်ထွက်ရှိနေပြီးဖြစ်ရာ ဒူးရင်းခြံပိုင်ရှင်များ စျေးကောင်းရရှိရန် မျှော်ာ်လင့်လျက်ရှိနေကြောင်း သိရသည်။

ကျိုက်မရောမြို့နယ် နိတုံကျေးရွာ ဒေသထွက် သီးနှံဖြစ်သော ယိုးဒယားကိုင်းဆက် ဒူးရင်းသီးမျိုး များမှာ အလုံးကြီး၍ အရသာလည်းချိူသဖြင့် နာမည်ကြီးပြီး လူကြိုက်များကြောင်း စျေးကွက်ဝင် သီးနှံဖြစ်၍ ဒူးရင်းသီးစသီးချိနိမှစ၍ ခြံချုပ်ဝယ်လိုသူများကြောင်း နိတုံကျေးရွာအုပ်စု ​ရှမ်းရွာလေးမှ ဒူးရင်းခြံပိုင်ရှင် ဦးစောနိုင်ထူးကပြောသည်။

ယိုးဒယားကိုင်းဆက် ဒူးရင်းသီးတစ်လုံးကို အကြီးတစ်သောင်းခွဲကျပ်မှ အလတ်အရွယ်တစ်သောင်းကျပ်၊ အသေးတစ်လုံးလျှင် ၅၀၀၀ ကျပ် စျေးထိ မနှစ်က စျေးကောင်းရရှိ၍ ယခုနှစ် လည်းပေါ်ကာစ စျေးကောင်းရရန်ခြံရှင်များ မျှော်လင့်လျက်ရှိနေကြကြောင်း ဒူးရင်းခြံ ပိုင်ရှင် ဦးအောင်ဖုန်းမော်၏ ပြောပြချက်အရ သိရသည်။

ကျိုက်မရောဒေသာထွက် ဒူးရင်းသီးအများစုကတော့ ဧပြီလဆန်းနှင့်လကုန်ရက်ပိုင်းတွင် လှိုင်လှိုင်ထွက်ရှိပြီးဖြစ်၍ မော်လမြိုင်နှင့် အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချရကြောင်းလည်း သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)