နမ့်စန်တွင် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အထူးရဲသင်တန်းဖွင့်လှစ်

နမ့်စန်() အောက်တိုဘာ

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမည့် မဲရုံများ၌ လုံခြုံရေးတာဝန်ဆောင်ရွက်မည့် အထူးရဲများ  သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် နာရီက အမှတ်()ရပ်ကွက် မြို့ဦးအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်နှင့် သင်တန်းနည်းပြဆရာများ၊ ရပ်ကွက်နှင့်ကျေးရွာများမှ အထူးရဲတာဝန်ထမ်းဆောင်မည့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်က အထူးရဲ သင်တန်းနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများနှင့် တာဝန်ယူဆောင်ရွက်ရမည့် လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

နမ့်စန်မြို့နယ်တွင် ခိုလမ်မြို့အပါအဝင် ရွေးကောက်ပွဲကျင်းပမည့် မဲရုံ ၁၀၃ ရုံလျာထားပြီး အဆိုပါမဲရုံများတွင် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် အထူးရဲ ၁၀၃ ဦးတွင် အထူရဲ သင်တန်းသား ၇၈ ဦးကို နမ့်စန်မြို့တွင် လည်းကောင်း၊ အထူးရဲ သင်တန်းသား ၂၅ ဦးကို ခိုလမ်မြို့တွင် လည်းကောင်း နေရာခွဲ၍ အောက်တိုဘာလ ရက်မှ အောက်တိုဘာလ ၂၈ ရက်နေ့ အထိ သက်ဆိုင်ရာ တာဝန်ရှိသူများက ဘာသာရပ်များအလိုက် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။

သူရအောင် (ပြန်/ဆက်)