မူဆယ် မတ် ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် အထက(၂)စာစစ်ဌာန၌ အစိုးရအခြေခံ ပညာရေးကျောင်းများနှင့် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းများမှ ကျောင်းတွင်း/ကျောင်းပြင် ကျောင်းသား/သူများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲ ပဉ္စမမြောက်နေ့ ရူပဗေဒဘာသာရပ်အား ယနေ့ နံနက် ၉ နာရီမှ စတင်၍ အေးချမ်းစွာ ဝင်ရောက်ဖြေဆိုနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ သိပ္ပံတွဲ - ရူပဗေဒဘာသာရပ်ဖြေဆိုမှုကို ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူ စာရင်းရှိ စုစုပေါင်း (၂၉၄)ဦးရှိသော်လည်း ယခုလက်ရှိဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်းဖြေဆိုသူ ကျောင်းသား/သူ (၁၃၄)ဦးနှင် ကျောင်းပြင်ပမှ ဝင်ရောက်ဖြေဆိုသူ (၁၃၀)ဦး၊ စုစုပေါင်း ဖြေဆိုသူဦးရေ (၂၆၄)ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား/သူ(၃၀)ဦး ရှိကြောင်း သိရှိရပါသည်။ ထို့အတူ ဝိဇ္ဇာတွဲ ဖြေဆိုမည့် ကျောင်းသား/သူ(၈)ဦးက ယနေ့သိပ္ပံတွဲ ဖြေဆိုသည့်ရက်တွင် ခတ္တနားရက်အဖြစ် ဖြေဆိုမည့် စာမေးပွဲရက်ကို ပိုင်းခြားသတ်မှတ်ထားပါသည်။
၂၀၂၂-၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၊ ပဉ္စမမြောက်နေ့ ရူပဗေဒဘာသာရပ်ကို ဖြေဆိုရာ တွင် ဖြေဆိုမှုရာခိုင်နှုန်း (၈၉.၈)ရှိလျက် ဖြေဆိုမှုပျက်ကွက်ရာခိုင်နှုန်း (၁၀.၂)ရှိပြီး ဖြေဆိုနေသည့် ကျောင်းသား/သူများ စိတ်အေးချမ်းသက်သာစွာ ဖြေဆိုနိုင်ရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေစေရန် မြို့နယ်ပညာရေးမှုးကြီးနှင့်တကွ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ သက်ဆိုင်ရာ စာစစ်ဌာန ကြီးကြပ်ရေးမှူးများနှင့် လုံခြုံရေးအဖွဲ့ဝင်များက စာစစ်ဌာနအပြင်စည်းမှ လိုအပ်သည်များကို အနီးကပ်စောင့်ကြည့်ပြီး ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
009(မူဆယ်)