မြစ်သား အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေး ဆောင်ရွက်မည့် အထူးရဲ တပ်ဖွဲ့ဝင်များအား သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက အမှာစကား ပြောကြားကာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းထွန်းက သင်တန်းဖွင့် မိန့်ခွန်းအား ဖတ်ကြားပြီး နောက် မြို့နယ်အုပ်ချုပ်ရေးမှူးက အထူးရဲများအတွက် Mask များကို ပေးအပ်လှူဒါန်းရာ သင်တန်းမှူးမှ လက်ခံရယူခဲ့သည်။
အဆိုပါ အထူးရဲသင်တန်းကို မြစ်သားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (မြစ်သား) တွင် (၁−၁၁−၂၀၂၀) ရက်နေ့မှ (၂၈−၁၀−၂၀၂၀) ရက်နေ့အထိ နံနက် (၅) နာရီခွဲအချိန်မှ ညနေ (၄) နာရီခွဲ အချိန်ထိ သင်တန်းသား (၂၀၁) ဦးအား တစ်ခန်းလျှင် (၂၅) ဦးစီခွဲကာ မြို့နယ်ရဲတပ်ဖွဲ့မှ သင်တန်း နည်းပြ အရာရှိအဆင့် (၁၄) ဦး၊ အခြားအဆင့်(၈)ဦး၊ စုစုပေါင်း(၂၂)ဦးက သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်းနှင့် လူ့အခွင့်အရေး၊ ပြည်သူလူထုပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ရဲစည်းကမ်း ထိန်းသိမ်းရေးဉပဒေ၊ ရဲကျင့်ဝတ်၊ ရာဇသတ်ကြီးဉပဒေ၊ ရဲအက်ဉပဒေ၊ ရာဇဝတ် ကျင့်ထုံးဉပဒေ၊ ရဲလက်စွဲဉပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာဉပဒေ၊ သတင်းမီဒီယာဉပဒေနှင့် ကျင့်ဝတ်စသည့် ဘာသာရပ် များအပြင် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် စစ်ရေးပြ(လက်နက်မဲ့) ရှေ့လှမ်းတက်ခြင်း၊ နောက်လှမ်းဆုတ် ခြင်း၊ အတန်းချဲ့ခြင်းနှင့် အတန်းစုခြင်းများကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စု (၉၂) အုပ်စုရှိကာ မဲရုံပေါင်း (၂၀၁) ရုံတွင် မဲရုံလုံခြုံရေး အတွက် အထူးရဲ (၂၀၁) ဦးအားခန့်ထားခဲ့ပြီး အဆိုပါ အထူးရဲများအား သင်တန်းဖွင့်လှစ် ပို့ချပေးခြင်း ဖြစ်ကြောင်း သိရသည်။
ဆုမွန်(ပြန်/ဆက်)