မိုင်းဆတ်မြို့၌ ကောင်းမှုတန်ကျေးရွာမှ ဆူကာသီးစိုက်ပျိုးရောင်းချသူများအဆင်ပြေ

မိုင်းဆတ် မတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ တောင်သူဦးစိုင်းအွမ်ခေးသည် တစ်ပိုင်တစ်နိုင် ဆူကာသီးစိုက်ပျိုးရောင်းချလျက်ရှိရာ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကောင်းမှုတန်ကျေးရွာတွင် စိုက်ပျိုးထားသည့် ဆူကာသီးများသည် ဩဂဲနစ်အသီးဖြစ်ကာ ဝယ်ယူ စားသုံးသူများ၏ ကျန်းမာရေးအတွက် စိတ်ချရပြီး သန့်ရှင်းလတ်ဆတ်ကာ အရသာကောင်းမွန်ခြင်း ကြောင့် ဝယ်ယူစားသုံးသူများပြားပြီး ဆူကာသီး အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် (၅၀၀)ကျပ်၊ (၄)လုံးလျှင်(၂၅၀၀)ကျပ်ရောင်းချပြီး၊ ဆူကာညွှန့်တစ်စည်းလျှင် (၅၀၀)ကျပ်ရောင်းချရပြီး မိုင်းတုံမြို့နှင့် မိုင်းတွမ်းတောင်ပေါ်ဒေသများရှိ ဖောက်သည်များထံ တင်ပို့ရောင်းချနိုင်သဖြင့် မိသားစု အပိုဝင်ငွေရရှိကာ စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း ဆူကာသီးစိုက်ပျိုးသူ ဦးစိုင်းအွမ်ခေးထံမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)