မာန်အောင်မြို့ ချမ်းမြေ့သစ္စာဓမ္မဘိုးဘွားရိပ်သာ (ဓမ္မဗိမ္မာန်)၌ မိုးကုတ်ဝိပဿနာသင်တန်းနှင့် အဘိဓမ္မာ အခြေခံတရား (၇)ရက် သင်တန်းဆင်းပွဲကျင်းပ

မာန်အောင် မတ် ၁၄

ရခိုင်ပြည်နယ် မာန်အောင်မြို့ချမ်းမြေ့သစ္စာ ဓမ္မဘိုးဘွားရိပ်သာ (ဓမ္မဗိမ္မာန်)၌ မိုးကုတ်ဝိပဿနာသင်တန်းနှင့် အဘိဓမ္မာအခြေခံတရားတော် (၇)ရက်သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီက အဆိုပါဘိုးဘွားရိပ်သာ (ဓမ္မဗိမ္မာန်)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ မိုးကုတ်ဝိပဿနာ သင်တန်းဖြစ်မြောက်ရေးကော်မတီနာယက ဦးသာညွန့်က ကျေးဇူတင်စကားပြောကြားပြီး ဒေါက်တာ ဦးစိုးထွန်းအောင် ပြည်နယ်ကျန်းမာကုသရေးဦးစီးမှူး(ငြိမ်း)က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် မိုးကုတ်ဝိပဿနာသင်တန်း နည်းပြဆရာဒေါက်တာ ဦးအေးသိန်းမှ ကျေးဇူးတင်ဝမ်းမြောက် စကားကိုလည်းကောင်း၊ ဝိပဿနာသင်တန်းသူတစ်ဦးဖြစ်သူ ယောဂီဒေါ်မေသန်းကြည်နှင့် မာန်အောင်ဒေသခံ တစ်ဦးဖြစ်သူ ဦးခင်မောင်ရင်တို့မှ ကျေးဇူးတင်စကား တို့ကိုလည်းကောင်း ပြောကြားကြသည်။

ယင်းနောက် မိုးကုတ်ဝိပဿနာသင်တန်းနည်းပြဆရာကြီးအား ယောဂီများက လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆိုပြီး အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)