ပုဗ္ဗသီရိ မတ် ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကျည်တောင်ကန် အမှတ်(၁)ရပ်ကွက်ရှိ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းပိုင် မူကြိုကျောင်းသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မူကြိုကျောင်း အကောင်းဆုံးဆု ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ထပ်ဆင့်ဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ မူကြိုကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးအေးနွဲ့နှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည်နေ့ အစည်းအဝေးတွင် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ မူကြိုကျောင်းအကောင်းဆုံးဆုရရှိသည့် ကျည်တောင်ကန်မူကြိုကျောင်းအား မြို့နယ်အနေဖြင့် ထပ်ဆင့်ဂုဏ်ပြုဆုငွေ ၅၀,၀၀၀ ကျပ်နှင့် ဂုဏ်ပြု လက်ဆောင်အား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင် မူကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ကြည် အား ပေးအပ်ရာ မူကြိုကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးအေးနွဲ့နှင့် တာဝန်ရှိသူများသည် မူကြို ကလေးငယ်များအား ပဲနို့နှင့် မုန့်များ အာဟာရတိုက်ကျွေးခဲ့ကြောင်း သိရသည်။
သန္တာလင်း(ပြန်/ဆက်)