အမ်းမြို့နယ်၌ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

အမ်း မတ် ၁၄

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ပုံပြင်ပြော ပြခြင်း၊ Mobile Library စနစ်ဖြင့် စာအုပ်စာ စောင်များ ငှားရမ်းပေးခြင်းကို မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန သင်တန်းခန်းမသို့ သွားရောက်၍ ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က ကွင်းဆင်း၍ စာအုပ်စာစောင်များ ငှားရမ်း ပေးခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစန်းဝင်းက အနာဂတ် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ရမည့် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူလူငယ်များအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့ ဖွံ့ဖြိုးစေရန်၊ အသိပညာဗဟု သုတများရရှိစေရန်၊ အချင်းချင်း ချစ်ခင်မှုရှိလာစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သော အလေ့အထများရှိလာစေရန်၊ မိမိတို့၏ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုတတ်လာ စေရန်၊ စာပေကိုချစ်မြတ်နိုးလာစေရန်စသည့် ရည်ရွယ်ချက်ဖြင့် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကလေးလူငယ်များ စာအုပ်စာပေများကို အလွယ်တကူဖတ်ရှု လေ့ လာနိုင်ရန်အတွက် ကလေးအပျော်ဖတ် ရသစာအုပ်များ၊ ပုံ​​ပြင်စာအုပ်များနှင့် ရုပ်ပြစာအုပ်များ စာအုပ်စာစောင် အသစ်များကို လူငယ်စာဖတ် ပရိတ်သတ်များ၏ လက်ဝယ်အရောက် Mobile Library စနစ်ဖြင့် အားကစားသင်တန်း တက်ရောက်နေသော ကလေးသူငယ်များအား ငှားရမ်းဖတ်ရှုစေခြင်း နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲနှင့် ပုံပြင်ပြောပြခြင်းများ ဆောင်ရွက် ပေးကာ စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်ခဲ့သည်။

စိုးမင်းထွန်း