နေပြည်တော် မတ် ၁၄
၂၀၂၃ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇအောင်မြေတောရကျောင်းတိုက်၌ ကျင်းပသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဒက္ခိဏသီရိမြို့နယ်၊ ရာဇအောင်မြေတောရကျောင်းတိုက် ပဓာနနယကဆရာတော် မဟာမင်္ဂလာဓမ္မဇောတိကဓဇ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဝရသိဒ္ဓိ အောင်စေဆရာတော် မထေရ်မြတ်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိသတ်တို့က ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင်က ရာဇအောင်မြေတောရ ကျောင်းတိုက် ပဓာနနယကဆရာတော် မဟာမင်္ဂလာဓမ္မဇောတိကဓဇ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဝရသိဒ္ဓိ အောင်စေဆရာတော် မထေရ်မြတ်ထံလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ကို ဆက်ကပ်ပူဇော်သည်။
ထို့နောက် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဒက္ခိဏသီရိမြို့နယ် ရာဇအောင်မြေတောရ ကျောင်းတိုက် ပဓာနနယကဆရာတော် မဟာမင်္ဂလာဓမ္မဇောတိကဓဇ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဝရသိဒ္ဓိ အောင်စေဆရာတော် မထေရ်မြတ်ထံမှ ဧည့်ပရိသတ်တို့က အနုမောဒနာတရား နာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)