လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ အ.ထ.က(၃)ကျောင်း ကန့်သတ်စောင့်ကြည့်စခန်းသို့ အလှူငွေကျပ် လေးသိန်း ငါးသောင်းလှူဒါန်း

လှိုင်သာယာ(အနောက်ပိုင်း) အောက်တိုဘာ  ၁


ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်အတွက် ရည်ရွယ်၍ အမှတ်(၁၇)ရပ်ကွက် အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ် သည့် ကန့်သတ်စောင့်ကြည့်စခန်းအတွက် အလှူငွေ လေးသိန်း ငါးသောင်းကျပ်ကို  ယမန်နေ့ ညနေပိုင်းက  လာရောက်လှူဒါန်းသည်။
ထိုသို့လှူဒါန်းရာတွင် ဦးသန်းရွှေ+ ဒေါ်အေးသန်း (ကောင်းမိသားစု လှိုင်သာယာ)မှ အမှတ်(၁၇)ရပ်ကွက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း တွင် စတင်ဖွင့်လှစ် သည့် (အနံမရသည့် လူနာများ သီးခြားထားသည့် ကန့်သတ်စောင့်ကြည့် စခန်းအတွက် အလှူငွေ (လေးသိန်းငါးသောင်း) ကျပ်တိတိအား လာရောက်လှူဒါန်းခဲ့ပြီး လှိုင်သာယာ မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီကိုယ်စား Volunteer ကိုဇေကိုကို မှ လက်ခံရယူ၍   ဂုဏ်ပြုမှတ်တမ်းပြန်လည်ပေးအပ်ခဲ့သည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၁၇)ရပ်ကွက် အမှတ်(၃) အခြေခံပညာ အထက်တန်ကျောင်း ကန့်သတ်စောင့်ကြည့်စခန်းတွင် အနံ့မရသည့် လူနာ အမျိုးသမီး (၄၉)ဦးနှင့် အမျိုးသား (၁၄)ဦး  စုစုပေါင်း (၆၃)ဦးလက်ခံ ထားရှိကြောင်း သိရသည်။
မြသန္တာဝင်း(ပြန်/ဆက်)