ထန်းတပင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း

ထန်းတပင်(ရန်ကုန်) အောက်တိုဘာ ၁

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ စက်တင်ဘာလ (၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို မြို့မပရဟိတလူငယ်အဖွဲ့နှင့် အလှူရှင်များသွား ရောက်လှူဒါန်းပေးခဲ့ကြကြောင်းသိရသည်။

ထို့သို့လှူဒါန်းရာတွင် အလှူရှင် ဦးဝင်းရွှေနှင့်ဇနီး ဒေါ်စန္ဒာဝင်း (အောင်ချမ်းမြေ့ လယ်ယာ သုံး စက်ပစ္စည်းနှင့်စိုက်ပျိုးရေးပစ္စည်းမျိုးစုံရောင်းဝယ်ရေး)မိသားစုတို့က ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် Gown (၂၀)စုံ၊ နှာခေါင်းစည်း (Mask) အခု (၂၅ဝဝ)နှင့် အသွားအလာကန့်သတ်စောင့်ကြည့်မှုများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် 80W Electric SPRAY GUN ဆေးဖျန်းစက်()လုံးတို့ကို မြို့နယ်ဆရာဝန်ကြီးဒေါက်တာ အောင်အောင်ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြပြီး မြို့မပရဟိတလူငယ်အဖွဲ့ဝင်များက အလှူရှင် ဦးသက်ဝေနှင့်ဇနီးဒေါ်တင်တင်နု (မိဘမေတ္တာကုန်စုံဆိုင်)မိသားစုကိုယ်စား 80W Electric SPRAY GUN ဆေးဖျန်းစက်()လုံးတို့ကို မြို့နယ်ကျန်းမာရေးမှူးအဆင့်() ဒေါ်နွဲ့နွဲ့ထံသို့ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသိရသည်။

ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကူးစက်ပျံနှံမှုများမရှိစေရေးအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်း()ခုကို ဖွင့်လှစ်ဆောင်ရွက်ထားရှိပြီး ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ်တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အတွင်းရှိ ပရဟိတ အဖွဲ့များအားလုံးဝိုင်းဝန်းပူးပေါင်းကာအရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)