မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မဲရုံလုံခြုံ ရေး အထူးရဲတပ်ဖွဲ့သင်တန်းဖွင့်လှစ်

မုဒုံ အောက်တိုဘာ     ၁

မွန်ပြည်နယ်မော်လမြိုင်ခရိုင်မုဒုံမြို့နယ်တွင်၂၀၂၀ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင်မဲရုံလုံခြုံရေးတာဝန်များ ချထားနိုင်ရန်အတွက် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှအထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲ ခန့် က မုဒုံမြို့နယ်ရွှေဟင်္သာခန်းမ၌ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းအောင်၊မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးလှဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းဇော်၊ မြို့မစခန်းမှူးဒုရဲမှူးအောင်မျိုးထွန်း၊ သတင်း ရဲတပ်ဖွဲ့ (မုဒုံ မြို့နယ် တာဝန်ခံ)ဒုရဲမှူးဇော်လတ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး အခမ်းအနားတွင် ဒု မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်လင်းအောင်က အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဝင်းဇော်က ၂၀၂၀ ပြည့်နှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲပြု လုပ်နေစဉ် ကာလအတွင်း ရပ်ကွက်/ကျေးရွာမဲရုံများရှိတာဝန်ရှိသူများနှင့်ပူးပေါင်း၍ မဲရုံ လုံခြုံ ရေးကို တာဝန်ယူဆောင်ရွက်ရမှာဖြစ်သောကြောင့် စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စေရန်အတွက်  အထူးရဲတပ်ဖွဲ့ဝင်များကိုသင်တန်းပေးရခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။

မုဒုံမြို့နယ်တွင်မဲရုံပေါင်း(၁၀၃)ရုံရှိပြီး သင်တန်းတွင်အထူးရဲတပ်ဖွဲ့(၁၀၃)ဦး တက်ရောက် ကြမည်ဖြစ်ကာမုဒုံမြို့နယ်ရှိရွှေဟင်္သာခန်းမနှင့်အခြေခံပညာအလယ်တန်းသင်္ဘောဦးကျောင်းတို့ တွင်နှစ်ဖွဲ့ခွဲ၍သင်တန်းကာလကို အောက်တိုဘာ(၁)ရက်နေ့မှ (၂၈)ရက်နေ့ထိသင်ကြားပေးသွား မည်ဖြစ်ကြောင်းသိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)