မိုင်းယုမြို့၌ လူငယ်နှင့်စာဖတ်ခြင်းအကြောင်း Talk Show ကျင်းပ

မိုင်းယု မတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ လူငယ်၊ လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး လူငယ်နှင့်စာဖတ်ခြင်းအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာထောက်-၃ ဒေါ်နန်းကောင်ကျောက်က “စာအုပ်များသည် ကမ္ဘာကို စိုးမိုးကြသည်”ဟူသော ဆိုရိုးစကား ရှိသည့်အတိုင်း ကမ္ဘာကို လွှမ်းမိုးအုပ်စိုးနိုင်သော တန်ခိုးကြီးမားလှသည့် စာအုပ်၊ စာပေများ ကို ကျောင်းသားလူငယ်များ လက်စွဲကိုင်ကာ အစဉ်ဖတ်ရှုနေရပါမည်၊ ရှေးလူကြီးများ၏ ဆိုရိုးစကားအရ စာမတတ်သူ၊ စာမဖတ်သူသည် မျက်စိကန်းနေသူဖြစ်သည်”ဟု ပြောဆိုခဲ့သည်ကို မှတ်သားခဲ့ရဖူးပါသည်၊ “စာအုပ်စာပေလူ့မိတ်ဆွေ”ဆိုသည့်အတိုင်း မိမိတို့အား အရာရာကို သွန်သင်ဆုံးမပေးနေသည့်အရာမှာ စာအုပ်ကောင်းများပင် ဖြစ်ကြောင်း စသည့်စာအုပ်စာပေများ၏ အကျိုးရှိပုံတို့ကို ဆွေးနွေးခဲ့ပြီး၊ ရုပ်သံကျွမ်းကျင်-၃ ဦးနေဝင်းက တိုးတက်နေသည့် ယနေ့ခေတ်တွင် အင်တာနက်မှတဆင့် စာအုပ်၊ စာပေများ ကိုဖတ်ရှုနိုင်ပြီဖြစ်ကြောင်း၊ စာအုပ်ကောင်းတစ်အုပ်သည် လူသားတစ်ဦး၏ အဖြူစင်ဆုံး အနှစ်သာရတစ်ခုဖြစ်သည စသည့် စာအုပ်ဖတ်ရှုသင့်သည့် အကြောင်းအရာများကို သာဓကများဖြင့် ဆွေးနွေးခဲ့ပါသည်။

မိုင်းယုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်ဆိုင်ရာ အသိပညာပေးခြင်း၊ နေ့ထူးနေမြတ်များ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာများ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေးနှင့် မသန်စွမ်း သူများဆိုင်ရာ အသိပညာပေး Talk Show များလည်း ကျင်းပပေးလျက်ရှိကြောင်း သိရသည်။

အားချာ