မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ

မန္တလေးခရိုင် မတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်တွင် ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အနုပညာကို ချစ်မြတ်နိုးတတ်စေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီတွင် မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသား/ ကျောင်းသူ မောင်မယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် စာပေလာရောက်ဖတ်ရှု့ခြင်း၊ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ခြင်း၊ ပန်းချီ/ဆေးရောင်ခြယ်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခြင်း၊ စာဖတ်စွမ်းရည်နှင့် ပုံပြောပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်ပြောကြားခဲ့သည်။

အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲသို့ ကျောင်းသား/ကျောင်းသူ လူငယ် (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကျော်ကျော်အောင် (ခရိုင် ပြန်/ဆက်)