စဉ့်ကူးမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေး

စဉ့်ကူး မတ် ၁၃

စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်အား ယနေ့နံနက် ၉ နာရီမှစ၍ ဖြေဆိုလျက်ရှိရာ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာစစ်ဌာန ပြင်ပများ၌ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန္တာအောင်နှင့် ကြီးကြပ်ရေးအဖွဲ့များ၊ နယ်မြေခံတပ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။

ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ်အားဖြေဆိုရန် စာရင်းပေး သွင်းထားသူ  ကျောင်းသား (၁၂၃) ဦးနှင့် ကျောင်းသူ (၂၀၄)ဦး စုစုပေါင်း (၃၂၇) ဦး ရှိပြီး ဖြေဆိုသူ ကျောင်းသား (၁၁၁) ဦးနှင့် ကျောင်းသူ (၁၈၉)ဦး စုစုပေါင်း (၃၀၀) ဦးရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၁.၇၄)နှင့် ပျက်ကွက် ရာခိုင်နှုန်း(၈.၂၆)ဖြစ်ကြောင်း စဉ့်ကူးမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)