မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆို

မော်လမြိုင်မြို့ မတ်  ၁၃

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ ကျင်းပလျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်လည်း သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့တွင် စတင်ကျင်းပခဲ့ရာ ယနေ့တွင်  ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုကြမည်ဖြစ်သည်။ ဦးစွာစာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များ မှန်/မမှန် စစ်ဆေးခြင်းနှင့် လိုအပ်သည့်စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ပေးသည်။  

မွန်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ စာစစ်ဌာနများတွင် ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုကြရာတွင် မော်လမြိုင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၅)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၄၆၇) ဦး၊ ပျက်ကွက်သူ (၁၂၂) ဦးဖြင့် ဖြေဆိုမှု ၉၂ ဒသမ ၃၂ ရာခိုင်နှုန်း၊ ချောင်းဆုံမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၂၇၉)ဦး ၊ပျက်ကွက်သူ(၂၀)ဦးဖြင့် ဖြေဆိုမှု ၉၃ ဒသမ ၃၁ ရာခိုင်နှုန်း၊ ကျိုက်မရောမြို့နယ်အတွင်းရှိ စာစစ်ဌာန(၁)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၁၅၆)ဦး၊ ပျက်ကွက်သူ(၂၃)ဦးဖြင့် ဖြေဆိုမှု ၈၇ ဒသမ ၁၅ ရာခိုင်နှုန်း၊ မုဒုံမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၆၄၉)ဦး၊ ပျက်ကွက်သူ(၃၁)ဦးဖြင့် ဖြေဆိုမှု ၉၅ ဒသမ ၄၄ ရာခိုင်နှုန်း၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၃)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၅၁၅) ဦး၊ ပျက်ကွက်သူ(၁၉)ဦးဖြင့် ဖြေဆိုမှု ၉၆ ဒသမ ၄၄ ရာခိုင်နှုန်း၊ ရေးမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၄၅၆)ဦး၊ ပျက်ကွက်သူ(၇၃)ဦးဖြင့် ဖြေဆိုမှု ၈၆ ဒသမ ၂၀ ရာခိုင်နှုန်း၊ သထုံမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၄၄၀)ဦး၊ ပျက်ကွက်သူ (၃၆) ဦးဖြင့် ဖြေဆိုမှု ၉၂ ဒသမ ၄၄ ရာခိုင်နှုန်း၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၅၀၈) ဦး၊ ပျက်ကွက်သူ(၄၅)ဦးဖြင့် ဖြေဆိုမှု ၉၁ ဒသမ ၈၆ ရာခိုင်နှုန်း၊ ဘီးလင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၁၄)ဦး၊ ပျက်ကွက်သူ(၂၀)ဦးဖြင့် ဖြေဆိုမှု ၉၄ ဒသမ ၀၁ ရာခိုင်နှုန်း၊ ပေါင်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁)တွင်ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ(၃၇၆)ဦး၊ ပျက်ကွက်သူ(၁၅)ဦးဖြင့် ဖြေဆိုမှု ၉၆ ဒသမ ၁၆  ရာခိုင်နှုန်းတို့ဖြစ်သည်။

ယင်းသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ပြည်နယ်ပြန်/ဆက်