သာကေတ မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်(၉:၀၀)နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မတ်လ(၅)ရက်နေ့မှ (၁၁)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံ ယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြ မဟာမင်္ဂလဓမ္မဇော်တိကဓဇ မြို့နယ် (Youth Club)ဥက္ကဋ္ဌ ဒေါက်တာအောင်ကိုဦးမှ သင်တန်းဆင်းမုဒိတာ စကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းတက်ရောက်သင်ကြားခဲ့သည့် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းမှ (Grade-7) မှမောင်သားဦးမောင်မှ သင်တန်းဆင်း အမှတ်တရစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး သင်တန်းနည်းပြ ဒေါက်တာအောင်ကိုဦးအားလည်းကောင်း သင်တန်းကာလအတွင်း အသုံးပြုမည့် ယဥ်ကျေးလိမ္မာစာအုပ်နှင့် သင်ထောက်ကူပစ္စည်းများ၊ အဟာရဒါနများ လှူဒါန်းထောက်ပံ့ခဲ့သည့်မြို့နယ် ဗုဒ္ဓကလျာနယုဝအသင်း(Y.M.B.A)အား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာများအား တာဝန်ရှိသူမှ ပေးအပ်ကာ၊ သင်တန်းပြီး မြောက်အောင်တက်ရောက် သင်ကြားခဲ့သည့် သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကာ သင်တန်းဆင်းပွဲအားရုတ်သိမ်းခဲ့သည်။
ဆက်လက်ပြီး ယနေ့နံနက်(၁၀)နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် နွေရာသီအခြေခံ အင်္ဂလိပ်စာသဒ္ဓါ (Basic Grammar and Composition) သင်တန်းအား ဆက်လက်ဖွင့်လှစ်ခဲ့ရာ အလယ်တန်းပြ(အငြိမ်းစား)မြို့နယ် (Book Club) နာယကဆရာမြစိန်မှ သင်ကြားပို့ချပြီး အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်စားစွာတက်ရောက် သင်ကြားကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ(ပြန်/ဆက်)