ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ

ဝမ်းတွင်း၊ အောက်တိုဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်(၉)နာရီအချိန်မြို့ဝင်စစ်ဆေး ရေးဂိတ်တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်အတွင်း ခရီးသွားပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်နိုင်ရန် အတွက် ရောဂါကူးစက်နိုင်သော နည်းလမ်းများဖြစ်သည့် အသက်ရှုလမ်းကြောင်းမှ တစ်ဆင့်တိုက် ရိုက်ဝင် ရောက်ကူးစက်ပျံ့နှံစေခြင်း၊ အရာဝတ္တုများ၌ ရောဂါပိုးမွှားများအားလက်ဖြင့် ကိုင်တွယ်ရာမှ တစ်ဆင့်ကူးစက်ခြင်း၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများအကြောင်း၊ ကိုဗစ်-၁၉ရောဂါကို ကာကွယ် နိုင်သောနည်းလမ်းဆိုင်ရာများ၊ ကူးစက်ခံရခြင်းမှကာကွယ်နိုင်မည့် နည်းလမ်းများ၊ လက်ဆေးခြင်း ဆိုင်ရာသိကောင်းစရာများပါဝင်သော ကျန်းမာရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများအနေဖြင့် သိရှိလိုက်နာပြီး ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်စေရန် ရည် ရွယ်ချက်ဖြင့်ဖြန့်ဝေခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ပြည်သူများအကြား အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့ဝင်စစ်ဆေးရေး ဂိတ်မှတာဝန်ကျဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊အမှတ်(၉၆) ယာဉ်ထိန်းတပ်ဖွဲ့ဝင် များမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)