ရသေ့တောင်မြို့၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက် မတည်ငွေထုတ်ချေးပေးနိုင်ရေး စီမံကိန်း အဖွင့်မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ရသေ့တောင်  မတ် ၁၃

ရခိုင်ပြည်နယ်၊ စစ်‌တွေခရိုင်၊ ရ‌သေ့တောင်မြို့၌ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက် မတည်ငွေထုတ်ချေးပေးနိုင်ရေး စီမံကိန်းအဖွင့်မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်းအခမ်း အနားကိုယနေ့နံနက် ၁၀ နာရီက ရသေ့တောင်မြို့ စိုက်ပျိုးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် စိုက်ပျိုး‌ရေး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက် မတည်ငွေထုတ်ချေးပေးနိုင်ရေး ကျေးရွာစီမံကိန်းလုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ မြစိမ်ရောင်ကျေးရွာစီမံကိန်း ရည်ရွယ်ချက်များ၊ စီမံကိန်းဆောင်ရွက်ခြင်း အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များရှင်းလင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးတင်‌မောင်မှ ခနောင်းကြီးကျေးရွာ အုပ်စုနှင့် မင်းဖူးကျေးရွာအုပ်စုတို့မှ တောင်သူများအား မြစိမ်းရောင်စီမံကိန်းအဖွဲ့ ဖွဲ့စည်းပြီး တောင်သူများမှသိရှိလိုသည်များကို‌  မေးမြန်းကြရာ မြို့နယ်ဦးစီးမှူးက‌ သိရှိလိုသည်များကို ပြန်လည်‌ ဖြေကြားခဲ့ပြီးအခမ်းအနားသို့ မြို့နယ်ဌာနဆိုင်ရာများနှင့် တောင်သူများ(၆၅ )ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)