၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဓာတုဗေဒ)ဘာသာရပ် ဖြေဆိုနေမှုအား ပါမောက္ခချုပ် (မော်လမြိုင်)၊ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု

ချောင်းဆုံ မတ် ၁၃

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွက် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ(ဓာတုဗေဒ)ဘာသာရပ်ကို အခြေခံပညာအထက်တန်းကျောင်း (ချောင်းဆုံ) စာစစ်ဌာနတွင် ယနေ့နံနက်က ကျောင်းသား/သူများ  အေးချမ်းစွာဖြေဆိုနေမှုကို ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုခဲ့သည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာရပ် ဖြေဆိုနေမှုကို ခေတ္တပါမောက္ခချုပ် (မော်လမြိုင်)တက္ကသိုလ်မှ ဒေါက်တာယဉ်မျိုးသူ၊ ဒုတိယပါမောက္ခချုပ်(မော်လမြိုင်) တက္ကသိုလ် ဒေါက်တာခိုင်ခိုင်စန်း၊ ပြည်နယ်ညွှန်ကြားရေးမှူး ဒေါက်တာ ချိုချိုမြက်အောင်နှင့် ခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာတို့က အ.ထ.က (ချောင်းဆုံ) စာစစ်ဌာနတွင် စာဖြေဆိုသည့် ကျောင်းသား/သူများအား လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)