ကွမ်းခြံကုန်းမြို့နယ် ကြက်ငှက်တုပ်ကွေးရောဂါအသိပညာပေး ကွင်းဆင်းဆောင်ရွက်

ကွမ်းခြံကုန်း မတ် ၁၃

ရန်ကုန်တိုင်းဒသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တောကျောင်းကျေးရွာအုပ်စု၊  ကမာကလွန်ကျေးရွာတွင် ယမန်နေ့က ကြက်မွေးမြူးရေးခြံများသို့  ကြက်ငှက်တုပ်ကွေးရောဂါ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှ   ဒေါက်တာဝတ်ရည်ဦး(ဦးစီးအရာရှိ)မှ   ကြက်ငှက်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ဇီဝလုံခြုံရေး အထူးဂရုစိုက်ရန်၊ ကြက်ခြံဘေးပတ်ဝန်းကျင်တွင် ငှက်သေတွေ့ပါကမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ချက်ချင်းသတင်းပို့ရန်၊ ကြက်ခြံများပိုးသတ်ဆေးဖြန်းထားရန်နှင့် လူဝင်လူထွက်  ဂရုစိုက်ရန်စသည်တို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဝန်ထမ်းများသည် မွေးမြူရေးနှင့်ပတ်သက်သည့် ရောဂါများအကြောင်း၊ မွေးမြူရေးဆိုင်ရာ သင်တန်းများကိုလည်း   ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ရုံးမှ သိရသည်။

ဆွေနွယ်(IPRD)