တန့်ယန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဓာတုဗေဒဘာသာ ဖြေဆို

တန့်ယန်း  မတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ၂၀၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ ဘာသာအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာဖြေဌာန၌ ကျောင်းသား/ ကျောင်းသူများ ယနေ့နံနက် ၉ နာရီမှ စတင်၍ အေးချမ်းတည်ငြိမ်စွာ ဖြေဆိုလျက်ရှိသည်။

၂၀၂-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်းစာဖြေဌာန၌ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၁၂)ဦး စာရင်းပေးသွင်းထားရာ အတွဲ(၁)တွင် ကျောင်းသားကျောင်းသူ(၆၀)ဦး၊ အတွဲ(၇)တွင် ကျောင်းသားကျောင်းသူ(၄၂)ဦး စုစုပေါင်း ကျောင်းသားကျောင်းသူ (၁၀၂)ဦး ဝင်ရောက်ဖြေဆိုရာ ၉၀ ဒဿမ ၁၀ ရာခိုင် နှုန်းရှိကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)