လွိုင်လင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ် ဆက်လျက်ဖြေဆို

လွိုင်လင် မတ် ၁၃

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၈ ရက်နေ့မှ စတင်၍ ဖြေဆိုလျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် စာစစ်ဌာနနှစ်ခုတွင်လည်း ယနေ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆို လျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လွိုင်လင်မြို့နယ် စာစစ်ဌာနအနေဖြင့် လွိုင်လင်မြို့၊ အထက(၂)နှင့် ပင်လုံမြို့ အထက(၁)ကျောင်းများတွင်စာစစ်ဌာန နှစ်ခုထားရှိ ပါသည်။

အဆိုပါ ၂၀၂၃ ခုနှစ်  တက္ကသိုလ်ဝင်တန်းစာမေးပွဲသို့ လွိုင်လင်မြို့နယ်မှ ဓာတု‌ဗေဒဘာသာရပ်ဖြေ‌ဆိုသည့် နေ့တွင် အထက(၂) လွိုင်လင်စာစစ်ဌာန၌ ဖြေဆိုရန် စာရင်းရှိ (၁၅၀)ဦး၊ ဝင်ရောက်ဖြေဆိုသူ (၁၂၈) ဦးရှိကြောင်း၊ ပင်လုံ အထက(၁) စာစစ်ဌာနတွင် စာရင်းရှိ (၁၂၂)ဦး ဝင်ရောက်ဖြေဆိုသူ (၁၁၄)ဦးရှိကြောင်း၊ စာစစ်ဌာနနှစ်ခုတွင် ဖြေဆိုသူစုစုပေါင်း (၂၄၂) ဦးရာ ဖြေဆိုရန်ပျက်ကွက်သူ (၃၀) ဦးရှိကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်းမှာ   ၈၈.၉၇ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ခရိုင်ပြန်/ဆက်(လွိုင်လင်)