နောင်ချိုမြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ဖြေဆိုမှု ၉၅.၅ ရာခိုင်နှုန်းရှိ

နောင်ချို မတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် အေးချမ်းစွာ ဆက်လက် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်း၊ အထက်တန်းကျောင်းခွဲ (၁)ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်း စုစုပေါင်း(၁၁) ကျောင်းရှိပြီး တက္ကသိုလ်ဝင်တန်း ဓာတုဗေဒဘာသာရပ်စာမေးပွဲကို ဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျောင်းသား၊ ကျောင်းသူ (၃၁၄)ဦးရှိရာ ဖြေဆိုသူ ကျောင်းသား (၁၀၆) ဦး၊ ကျောင်းသူ(၁၉၄)ဦး စုစုပေါင်း(၃၀၀)ဦး ဖြေဆိုခဲ့ကြောင်းနှင့် ပျက်ကွက်သူ ကျောင်းသား(၆)ဦး၊ ကျောင်းသူ(၈)ဦး စုစုပေါင်း(၁၄)ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၅) ရာခိုင် နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နောင်ချိုမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)