ကာမိုင်း မတ် ၁၃
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့တွင် ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက် (၉)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ထိုသို့ ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်လူရွယ်များ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပုံပြောပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို အ.ထ.ကကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြ၍ ဆုရရှိသူများကို မြို့ဦးစီးမှူးတာ၀န်ခံ ဒေါ်ရွှေဇင်ဦးက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် စာအုပ်စာစောင်ပြပွဲတွင် ကလေးနှင့်သက်ဆိုင်သည့် စာအုပ်စာစောင်များကို ခင်းကျင်း ပြသ၍ ကလေးငယ်များက စိတ်ဝင်တစားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
လဆိုင်း(ပြန်/ဆက်)