ပန်ဆိုင်း(ကြူကုတ်)မြို့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်ချီးမြှင့်ပေးအပ်သော သာသနာပြုဘွဲ့ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ကြိုဆိုပင့်ဆောင်

ပန်ဆိုင်း မတ် ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့တွင် နိုင်ငံတော်အစိုးရမှ ဆက်ကပ်ချီးမြှင့်ပေးအပ်သော သာသနာတော်ဆိုင်ရာ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းဆရာတော် ဘဒ္ဒန္တဇနိန္ဒသာမိ (သာသနာဓဇဓမ္မာစရိယအား ကြိုဆိုပင့်ဆောင်ပူဇော်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါကြိုဆိုပင့်ဆောင် ဂုဏ်ပြုပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ သာသနာရေးဦးစီးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်သူများက မြို့အဝင်မုဒ်ဦးမှ စတင်၍ ကြိုဆိုပင့်ဆောင်ခဲ့ကြသည်။

ယင်းနောက် သာသနာတော်ဆိုင်ရာ သဒ္ဒမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ထေရဝါဒဗုဒ္ဓသာသနာ ပြုကျောင်းဆရာတော်  ဘဒ္ဒန္တဇနိန္ဒသာမိ (သာသနာဓဇဓမ္မာစရိယအား ဂုဏ်ပြုမော်တော်ယဉ် ပလ္လင်ထက်သို့ပင့်ဆောင်၍ အများပြည်သူများကြည်ညိုနိုင်စေရန်အတွက် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက် လှည့်လည်အပူဇော်ခံပြီး ထေရဝါဒသာသနာပြုကျောင်းတိုက်၌ ဂုဏ်ပြုပူဇော်ခဲ့ကြကြောင်း သိရသည်။

ပန်ဆိုင်း (ပြန်/ဆက်