မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ခုနှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆို

မိုင်းရှူး   မတ်  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပဖြေဆိုနေပြီဖြစ်ရာ ယ‌နေ့နံနက် (၉)နာရီက တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို အထက(မိုင်းရှူး) စာစစ် ဌာနနှင့် အထက(ဝမ်ကန်)စာစစ်ဌာန ၂ခုတို့တွင် ကျောင်းသား၊ကျောင်းသူ(၇၉)ဦးတို့က အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိသည်။

မိုင်းရှူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဘာသာရပ်အား ဖြေဆိုရန်စာရင်းရှိ ကျောင်းသား(၃)ဦး၊ကျောင်းသူက (၅၉)ဦး၊ စုစုပေါင်း(၈၉)ဦးရှိရာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂)၊ကျောင်းသူ(၅)ဦး၊စုစုပေါင်း(၇၉)ဦးအထိရှိပြီး ဖြေဆိုမှုရာခိုင်နှူန်းမှာ (၈.၇၆)ရာခိုင်နှုန်းရှိကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)