မြင်းခြံခရိုင် (Community Centre) ခန်းမတွင် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်း (အခမဲ့) ဖွင့်လှစ်

မြင်းခြံ မတ် ၁၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကျောင်းသားလူငယ်များအနေဖြင့် နွေရာသီအားလပ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးနိုင်ရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ မြင်းခြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က "နွေရာသီအားလပ်ချိန်များမှာ ကျောင်းသားလူငယ်များ အကျိုး ရှိစေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းကောင်းများ ပေါ်ထွက်လာစေရန်၊ ပန်းချီ ရေးဆွဲခြင်းဖြင့် နှလုံးသားများ နူးညံ့လာစေရန် စတဲ့ ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ရခြင်း ဖြစ်ပါ တယ်" ဟု ပြောသည်။

သင်တန်းဆရာ ပန်းချီချစ်သော်က ပန်းချီအခြေခံနှင့် လူပုံရေး ဆွဲနည်း၊ ရှုခင်းပုံရေး ဆွဲနည်း၊ သရုပ်ဖော်ဒီဇိုင်းနှင့် လက်ရေး၊ အခြေခံမျဉ်းရေးဆွဲနည်းစသည့် ပန်းချီပညာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကို ကျောင်းသားလူငယ် (၂၇) ဦး တက်ရောက်သင်ကြား လျက်ရှိပြီး မတ်လ (၁၃) ရက် မှစ၍ (၅) ရက်ကြာ သင်ကြားပို့ချသွား မည်ဖြစ်ကြောင်း သိရသည်

ကျော်စွာ(မြင်းခြံ)