မြောက်ဥက္ကလာပမြို့နယ် (၂)ရပ်ကွက်တွင် နွေရာသီအခြေခံဘောလုံးသင်တန်းဖွင့်လှစ်

မြောက်ဥက္ကလာပ မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ နွေရာသီကျာင်းပိတ်ရက်အတွင်း လူငယ်/လူရွယ်များ ကျန်းမာကြံ့ခိုင်ပြီး အားကစားဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသင်းအဖွဲ့စိတ်ဓာတ်ကောင်းများရရှိစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် (၂)ရပ်ကွက် Union Football Club မှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံဘောလုံးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက (၂)ရပ်ကွက်၊ ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွဋ်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဘောလုံးများထောက်ပံ့ခြင်းနှင့် နည်းပြဆရာများအား ဂါဝရပြုလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ မြန်မာ့ရိုးရာလက်ဝှေ့သင်တန်းကို (ဌ)ရပ်ကွက်ရှိ ဥတ္တရကြယ်ကလပ်တွင်လည်းကောင်း၊ တိုက်ကွမ်ဒိုသင်တန်းကို ဝေဘာဂီ(၃)ရပ်ကွက်ရှိ ဘောလုံးကွင်းတွင်လည်းကောင်း၊ ရိုးရာခြင်းလုံးသင်တန်းကို (ဌ)ရပ်ကွက်ရှိ ဒို့မြန်မာခြင်းလုံးရုံတွင်လည်းကောင်း မတ်လတတိယပတ်မှစ၍ သင်တန်းနည်းပြများဖြင့် တစ်လတာဖွင့်လှစ်သွားမည်ဖြစ်၍ နွေရာသီကျောင်းပိတ်ရက်အားလပ်ရက်များတွင် အားကစားကိုစိတ်ပါဝင်စားကြသော ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များနှင့်အားကစားဝါသနာရှင်များ တက်ရောက်နိုင်ကြောင်း သိရသည်။

မြ​မြဝင်း(ပြန်/ဆက်)