မောက်မယ် မတ် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လင်းခေးခရိုင်ဦးစီးမှူး ဒုတိယ ညွှန်ကြားရေးမှူး ဦးနေဝင်း ဦးဆောင်သော ကုန်းလမ်းရပ်ကွက် လူငယ်ပရဟိတပန်းရံ/လက်သမားအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ ပူးပေါင်းပြီး လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုကို ကွန်ကျိုင်းရပ်ကွက်ရှိ ဦးစိုင်းနွေ၏ နေအိမ်အားဆောက်လုပ်ပြီးစီး၍ ယမန်နေ့ ညနေ၄နာရီခွဲတွင် လေပြင်းဘေးဒဏ်ခံ မိုးလုံလေလုံတစ်ထပ်တိုက် နေအိမ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များတို့က အပ်နှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းတန်ဖိုး ကျပ်(၄)သောင်း၊ အနယ်နယ် အရပ်ရပ်မှ လှူဒါန်းထား သည့် သက်ကြီးဘိုးဘွားနေအိမ်များဆောက်လုပ်လှူ ဒါန်းခြင်း ရန်ပုံငွေမှမတည် ငွေကျပ်(၃)သိန်း၊ လင်းခေးမြို့ ရပ်မိရပ်ဖများမှဘိလပ်မြေ(၁၀)အိတ်၊ကျွန်းတံခါးချပ်ကြီးနှစ်ချပ်တွဲ (၁)စုံ (ကျည်းဘောင်အပါ)၊ ပြူတင်းတံခါး နှစ်ချပ်တွဲ(၁)စုံ(ကျည်းဘောင်အပါ) အလျား၁၅ပေ၊ အနံ၁၂ပေ၊ အမြင့်၁၁ပေရှိလေပြင်းဘေး ဒဏ်ခံမိုးလုံ လေလုံတစ်ထပ်တိုက်ကို ကုန်းလမ်းရပ်ကွက် လူငယ်ပရဟိတ ပန်းရံ/လက်သမားအသင်း လုပ်အားဒါနဖြင့် လည်းကောင်း ထပ်မံလိုအပ်သည့်အိမ်ဆောက်ပစ္စည်းများ ကိုရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများတို့က စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ကုန်းလမ်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းတိမာထံမှ သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)