ရန်ကုန် မတ် ၁၁
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယမန်နေ့မွန်လွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသို့ရောက်ရှိပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)အဖွဲ့နှင့် တွေ့ဆုံကာ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အမှုဆောင်အဖွဲ့သစ် ဖွဲ့စည်းနိုင်ရန်နှင့် ဂီတလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် ဆွေးနွေးသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ယာယီအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တာဝန်ရှိသူများက "ဂီတစွမ်းအားပြည်ထွန်းကား" ဆောင်ပုဒ်နှင့်အညီ ဂီတလောကဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် ရှေးလုပ်ငန်းစဉ်များကိုအကြံပြုဆွေးနွေးကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လိုအပ်သည်များကို ဖြည့်စွတ်ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝးကို ရုပ်သိမ်း ခဲ့ကြောင်းသိရသည်။
အောင်မြင့်(ပြန်/ဆက်)