“ပြည်ချစ်သားမွန် တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြား၌ ကျင်းပ

ရန်ကုန်  မတ်  ၁၁

ပြည်သူများအပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Live show အစီအစဉ်ဆန်းသစ်မှုအဖြစ် ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင်ရောက်ရှိမည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ပြည်ချစ်သားမွန်တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲအစီအစဉ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၂၄ ရက်အထိ ပွဲစဉ်(၅)ခုဖြင့်အပတ်စဉ် သောကြာနေ့ ည ၈ နာရီ သတင်းများအပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသလျက်ရှိသည်။

အဆိုပါအစီအစဉ်ကို“မြန်မာ့အသံတေးဂီတ”အဖွဲ့၏တီးခတ်မှုနှင့်အတူ မူရင်းတေးသံရှင်များ၊ နာမည်ကျော်တေးသံရှင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းအဆိုရှင်များနှင့် တူယှဉ်နွှဲပျော်ဂီတပွဲတော်များမှ တေးသံရှင်များ ပါဝင်သီဆိုလျက်ရှိရာ မတ် ၁၀ ရက်တွင် တင်ဆက်မည့် ပွဲစဉ်(၃)တွင် သန်းမြတ်စိုး၊ စောထက်နေယံ၊ ကောင်းဆက်၊ မေထူးကျော်၊ အိအိလှိုင်၊ ထွန်းပပအောင်၊ သီရိစံ၊ သွန်း၊ မြတ်ဆုခြယ်နှင့် အင်ကြင်းနိုင်ဦးတို့ဖျော် ဖြေတင်ဆက် ကြသည်။

ထိုသို့တင်ဆက်မှုကို မတ် ၁၂ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)