မူဆယ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာဗဟုသုတ တိုးတက်မြင့်မားရေးအတွက် စာဖတ်ဝိုင်းကျင်းပ

မူဆယ် မတ်လ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာဗဟုသုတ တိုးတက်မြင့်မားစေရန် ယနေ့နေလည် (၁)နာရီ အချိန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မူဆယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှုး ဦးအယ်လ်စိုးထန်တူးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ရရှိသည့်အကျိုးကျေးဇူးများ၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိရှိအသုံးပြုပြီး စာအုပ်၊ စာစောင်များ လေ့လာဖတ်ရှုသင့်ကြောင်းနှင့် စာဖတ်ခြင်းကြောင့် အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်မည်ဖြစ်ကြောင်း စာအုပ်၊ စာစောင်၊ ရသစာပေများ ပိုမိုဖတ်ရှုလေ့လာရန် တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာဖတ်ဝါသနာရှင်နှင့်စာပေ ချစ်မြတ်နိုးကြသူများက “ကျန်းမာသုခလူနေမှုဘဝ”၊  “အဓိပ္ပါယ်သိသိ တည်ဆောက်စမ်းပါ ဘဝဆိုတာနေချင်စရာ”၊ “လူငယ်တွေကိုယုံပါ”၊ “သည်းခံခြင်းဟူသည်”၊ “လေဖြတ်ရောဂါအကြောင်း” စသည့်စာအုပ် အမည်များဖြင့် တစ်ဦးချင်းဆီ ဖတ်ပြဆွေးနွေးခဲ့ကြပြီး ခရိုင်ဦးစီးမှူး ဦးအယ်လ်စိုးထန်တူးမှ တစ်ဦးချင်းဆီ ဖတ်ကြား ဆွေးနွေးကြသော အကြောင်းအရာများကို အကျယ်တဝင့် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ပြီးနောက် လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)