ဘူးသီးတောင် မတ် ၁၀
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်နှင့် ပန်းချီရေးဆွဲနည်းအတတ်ပညာများကို အခြေခံမှစပြီး သိရှိကာ စနစ်တကျရေးဆွဲတတ်စေရန်ရည်ရွယ်ပြီး (အခမဲ့)ပညာဒါနဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင်ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးအောင်က နွေရာသီကာလအချိန်ကို အကျိုးရှိစေရေးအတွက် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြော ကြားသည်။
အဆိုပါသင်တန်းကို ဘူးသီးတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ပန်းချီဆရာဦးမြင့်လွင်မှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ စိတ်ပါဝင်စားသူ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး တက်ရောက် မည်ဖြစ်ကာ မတ်လ (၁၀)ရက်နေ့မှ (၂၃)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်)