ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁ / ၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

ညောင်ဦး မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးခရိုင်မီးသတ်စခန်း၌ ( ၂၇.၂.၂၀၂၃ ) ရက်နေ့မှ (၁၀.၃.၂၀၂၃)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/ ၂၀၂၃)အား အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင် ၁၀ ဦး၊ လုမှုရေးအသင်းအဖွဲ့များမှ အသင်ဝင် ၂၅ ဦး၊ စုစုပေါင်း သင်တန်းသား (၅၀) ဦးဖြင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ နည်းပညာရပ်များ စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ရာ ယနေ့ ၁၀.၃.၂၀၂၃ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် သင်တန်းပြီးမြောက်၍ သင်တန်းဆင်းပွဲအခမ်းအနားအား ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ မင်းနန်သူကျေးရွာရှိ Aureum Palace Hotel ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း ( ၁/ ၂၀၂၃ ) သင်တန်းဆင်းပွဲအခမ်းအနား၌ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်မှ သင်တန်းဆင်းမိန့်ခွန်း တက်ရောက်ပြောကြားခဲ့ပြီး Group လိုက် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော သင်တန်းသားအဖွဲ့များအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်းတို့မှ ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်၊ ခစဖ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး မျိုးခိုင်ဝင်း၊ အမှတ် ၃ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့(လေ)မှ တပ်ဖွဲ့မှူး ဗိုလ်မှူး နောင်မင်းလတ်၊ ခစဖ အဖွဲ့ဝင် ဦးသိန်းအောင်၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးပြည်ကျော်၊ ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးထက်အောင်၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှ ဒုတိယတပ်ခွဲမှူး ကိုကိုအောင်၊ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မစဖအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်မင်းသူ၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးကျော်နိူင်လင်း၊ ဖိတ်ကြားထားသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သန္ဓေ/အရန်တပ်ဖွဲ့ဝင်များ၊ သင်တန်းသားများ စုစုပေါင်းအင်အား ၉၀ ဦးခန့် တက်ရောက်ခဲ့​ပြီး အခမ်းအနားအား ၀၉၃၀ နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း