ကျောက်တံတား မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီအချိန်က အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်အေးမြကြည်က အမျိုးသမီးများနှင့်ပတ်သက်၍ မြန်မာ့ယဉ်ကျေးမှုကိုထိန်းသိမ်းရမည့်အခြေအနေများ၊ မိန်းကလေးများ၏ဘဝလုံခြုံမှု၊ လူကုန်ကူးမှုခံရနိုင်မှုအခြေအနေများစသည်တို့ကို ဆွေးနွေးခဲ့ပြီး ရုပ်သံ-၃ ဒေါ်သူဇာလွင်က အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ပိုင်တစ်နိုင်စီးပွားဖြစ်အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်ရမည့်အချက်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲများ၊ ဟောပြောပွဲများပြပွဲ၊ ပြိုင်ပွဲများအား ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက် Online Facebook Page မှလည်း ကလေးများအတွက် ပုံပြင်၊ ကဗျာရွတ်၊ စာအုပ်မိတ်ဆက်၊ အစီအစဉ်များနှင့် အခြားဗဟုသုတရဖွယ်ကဏ္ဍများကိုလည်း လွှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
လှလှထွေး(ပြန်/ဆက်)