ပင်လောင်းမြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ရုပ်ပုံဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

ပင်လောင်း  မတ်  ၁၀

နွေရာသီကျောင်းပိတ်ချိန် အားလပ်ရက်များတွင် ကျောင်းသား/သူကလေးငယ်များအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ် ခန်းတွင် ရုပ်ပုံဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်ပေးခြင်းဖြင့် ကလေးငယ်များတွင် အရောင်မှန်ကန်စွာ ရွေးချယ်အသုံးပြုတတ်လာနိုင်ခြင်းနှင့် ကိုယ်ပိုင်စိတ်ကူးစိတ်သန်းကောင်းများ အားတွေးခေါ်အသုံးချ တတ်လာစေမည်ဖြစ်ပါသည်။

ဆေးရောင်ခြယ်ပြိုင်ပွဲဆုရရှိခဲ့သော ကလေးများအား တာဝန်ရှိသူများမှ လက်ဆောင်ပစ္စည်းများအဖြစ် ဗလာစာအုပ်များပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)