မြင်းခြံမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေကြသည့် စာစစ်ဌာနများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

မြင်းခြံ မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုလျက်ရှိသော ကျောင်းသား/ကျောင်း သူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ကြည့်ရှုအားပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးကျော်ဝင်းစိန်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးအုန်းလှိုင်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းနှင့် တာဝန်ရှိသူများက ကျောင်းသား/သူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲအေးချမ်းစွာဖြေဆိုနေကြသည့် စာဖြေခန်းများသို့ သွားရောက်ကြည့်ရှုအားပေးကြပြီး သက်ဆိုင်ရာ စာစစ်ဌာနများတွင် တာဝန်ထမ်းဆောင်ကြ သည့် ကြီးကြပ်ရေးမှုးများ၊ တာဝန်ရှိသူများ၏ မေးခွန်း/အဖြေလွှာများ လုံခြုံရေးကဏ္ဍအလိုက်ဆောင်ရွက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ ကျောင်းဝန်း အတွင်း/ အပြင် မီးဘေး၊ လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်မှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန (၂) ခုဖြစ်သည့် အထက-၁ (မြင်းခြံ)နှင့် အထက(ဆီမီးခုံ)တွင် ဖွင့်လှစ်ထားပြီး တတိယနေ့ သင်္ချာဘာသာရပ်တွင် ကျောင်းသား (၁၅၆) ဦး၊ ကျောင်းသူ (၂၃၂) ဦး စုစုပေါင်း (၃၈၈) ဦးရှိပြီး၊ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၁၂၃) ဦး၊ ကျောင်းသူ (၁၉၈) ဦး စုစုပေါင်း (၃၂၁) ဦး ဖြေဆိုကာ ပျက်ကွက် ကျောင်းသား (၃၃) ဦး၊ ကျောင်းသူ (၃၄) ဦး စုစုပေါင်း (၆၇) ဦးရှိကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)