နွားထိုးကြီးမြို့နယ်တွင် (၇၈) နှစ်မြောက် တပ်မတော်နေ့ အကြို  စာအုပ်စာစောင်ပြပွဲကျင်းပ

နွားထိုးကြီး မတ် ၁၀

နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၈) နှစ်မြောက် တပ်မတော်နေ့ အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်ပိုင်းမှစ၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင်ကျင်းပရာ ဌာနဆိုင်ရာများ၊ မိဘပြည်သူ များ၊ ပရဟိတ အသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့သည်။

တက်ရောက်လာသူများကို မြို့နယ်ဦးစီးမှူး ဦးတင့်လွင်ဦးမှ စာအုပ်စာစောင်ပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ ဌာနဆိုင်ရာများ၊ မိဘပြည်သူများ၊ ပရဟိတအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသ ထားသော စာအုပ်စာစောင်များကိုလေ့လာခဲ့ကြပြီး မိမိတို့ ဖတ်ရှု့လိုသည့် စာအုပ်များကို ငှာရမ်းရာ စာကြည့်တိုက်တာဝန်ခံ ဒေါ်နှင်းနုအေးမှ ပြန်လည်ငှားပေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်