ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဒလ မတ် ၁၀

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ နေ့လည်(၃)နာရီအချိန်က စာရေးဆရာ ခင်စောတင့် ရေးသားသည့်  စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် ကျင်းပခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ဝိုင်းများကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်ဒေါ်ဟေမာန်နှင်းက စာရေးဆရာ ခင်စောတင့်ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့်အတွေး အမြင်စာစုများ စာအုပ်ထဲ ပါသည့် လမ်းလျှောက်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ ကျော်ကြားမှုအတွက် ပေးဆပ်ရခြင်းများ၊ ဦးနှောက်နှင့်ဆိုင်သော မေ့တတ်သောရောဂါအကြောင်းနှင့် စိတ်ကျရောဂါဖြစ်သူများခံစားရပုံများ စသည့်အကြောင်းအရာများကို တက်ရောက်လာသော စာပေချစ်ဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်းသိရသည်။

ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်မားလာစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online Page မှတစ်ဆင့် စာအုပ် မိတ်ဆက်ခြင်း၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာအုပ်များဌားရမ်းပေးခြင်း၊ (Talk Show)နှင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်း အပြင်သင်တန်းများ၊ပြပွဲ၊ ပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်ပေး လျက်ရှိသည်။

မြင့်ဇော် (ပြန်/ ဆက်)