ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တီဘီရောဂါ ဝေဒနာရှင်များအား အခမဲ့ ဆေးကုသမှု ဆက်လက်ဆောင်ရွက်ပေး

ဆိပ်ကြီးခနောင်တို မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တီဘီရောဂါ နယ်လှည့်ကွင်းဆင်း ရှာဖွေကုသရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ တီဘီရောဂါ ဝေဒနာရှင်ပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီမှစ၍ ချောင်းဝိုင်းလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အခမဲ့ ဆက်လက်ဆေးကုသပေးလျက်ရှိသည်။

ထိုသို့ ကုသပေးရာတွင် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း (ဗဟို-ရန်ကုန်ရုံးခွဲ) နယ်လှည့်ကွင်းဆင်းရှာဖွေ ကုသရေးအဖွဲ့မှ ဒေါက်တာ စောနွဲ့နွဲ့မြင့် ဦးဆောင်သည့်အဖွဲ့နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်၊ ရပ်ကွက်အတွင်း တီဘီရောဂါ ခံစားနေရသည့် မြို့နယ်နေ ပြည်သူများအားရှာဖွေ၍ သွေးပေါင်ချိန်ပေးခြင်း၊ တီဘီရောဂါ ရှိ/မရှိ စစ်ဆေးကုသပေးခြင်း၊ လိုအပ်ပါက ဓာတ်မှန်ရိုက်ပေးခြင်းနှင့်အခြားသော အထွေထွေရောဂါ များ စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဆေးကုသပေးရာသို့ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက် ပေးလျက်ရှိ‌ကြောင်း သိရသည်။

ဝေယံ (IPRD)