ငါ့သရောက်မြို့ ( ပြန်/ဆက်) ဦးစီးဌာနတွင် စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသော ပန်းလိုခြင် အပင်ပျိုးတက်မှ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်

ငါ့သရောက်မြို့ မတ်လ ၁၀

မန္တလေးတိုင်းဒေသကြီး၊ ငါ့သရောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စာအုပ်စာစောင်ချစ်မြက်နိုးသူများအဖွဲ့တို့ ပူးပေါင်၍ စာရေးဆရာ လယ်တွင်းသား စောချစ်ရေးသားသော ပန်းလိုခြင် အပင်ပျိုးတက်မှ စာအုပ်ဖြင့် စာဖက်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

 ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုးမှ မိဘနှင့် ဥယျာဥ်မှူး ခေါင်စဥ်ခွဲပါ အကြောင်းအရာများကို ရှင်ပြပေးခဲ့သည်။ ပန်းပင်ကို ပြုစုပျိုးထောင်းရာတွင် ဥယျာဥ်မှူးသည် မိမိစိတ်တိုင်းကျ လုပ်ဆောင်၍ရ၏။ သို့သော် သက်ရှိ ဖြစ်သော သားငယ်၊ သမီးငယ်တို့ကို ပြုစုပျိုးထာရသည်မှာ ပို၍ နူးညံ့သည်၊ သိမ်မွေ့သည်၊ နေရာတိုင်း ကိုယ်စိတ်တိုင်းကျ လုပ်ဆောင်ရသည်မဟုတ်။ သူဆန္ဒ၊ သူ့သဘောထားနှင့် သူ၏ ဖြစ်ပေါ်လာသည့်အခြေအနေကို မှန်ကန်စွာ နာလည်ရန်လိုသည်။ ကလေးကို ပြုစုပျိုးထောင်ရတွင် ရုပ်ပိုင်း၊ စိတ်ပိုင်း ဟူ၍နှစ်မျိုးနှစ်စားရှိ၏။ မိဘလောင်းတို့ရှောင်ကျဥ်ရန် ရုပ်ပိုင်းနှင့် ပက်သက်၍ ကျန်းမာသန့်ရှင်းရောဂါကင်းရန်လိုသည်။ ခေတ်မှီတိုးတက်သော အသိရှိသော မိဘများသည် လက်မထက်မှီကပင် အမျိုးသားနှင့် အမျိုးသမီး၏ ကျန်းမာရေးကို ဆရာဝန်နှင့် စနစ်တကျ စစ်ဆေးကျသည်။ မိမိတို့၌ ကာလာသားရောဂါရှိခြင်း၊ သွေးသားမသန့်စင်ခြင်းသည် သန္ဓေသားအတွက် ဆိုးကျိုးများစွာ ဖြစ်စေနိုင်ငည်။ နောင်တွင် မိမိကလေးသည် မကျန်းမာခြင်း၊ ကိုယ်အင်္ဂါချို့ယွန်းခြင်း၊ ဉာဏ်ရည်မပြည့်ဝခြင်းဖြစ်လျင် တစ်သက်လုံး နောက်တရနေမည်ဖြစ်သည်။ မိဘနှစ်ဦးသည် မိမိတို့ပေါင်းသင်းရာမှ ရရှိလာသော သန္ဓေသားကိုလည်း မိမိဝမ်းတွင်းမှာကတည်းက ပြုစုစောက်ရှောက်ရန်လိုသည်။ သန္ဓေရှိသည်မှ စ၍ မွေးဖွားသည့် အချိန်ထိ တက်ကျွမ်းနာလည်သော ဆရာ၊ ဆရာမတို့ဖြင့် ပြသ၍ အမှန်စစ် ဆေးရန်လို၏။ ပြည့်စုံညီညွတ်သည့် သန္ဓေသားအဖြစ်သို့ ရောက်ရှိ၍ မွေးဖွားသောအခါတွင်လည်း တက်ကျွမ်းနာလည်သည့် ကျမ်မားရေဆိုင်ရာ ဆရာ၊ ဆရာမများ၏ ကူညီစောင့်ရှောက်မှုဖြစ် မွေးဖွားရန်လိုကြောင်း ရှင်းပြပေးခဲ့သည်။

 ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများထဲမှ အဖွဲ့ဝင်တစ်ဦးဖြစ်သော ဒေါ်နီလာဦးမှ အပြိုင်အဆိုင် အနိုင်အရှံး ခေါင်စဥ်ပါ အကြောင်းအရာများကိုလည်း ရှင်ပြပေးခဲ့သည်။ ယခုအခါတွင် ပညာရေးရေးတွင် အပြိုင်အဆိုင်များလာသည်။ လူကြီးများ၏ လောဘသည် ကလေးများထံသို့ ရိုက်ခက်လာသည်။ ဝါသနာပါသည် ၊ မပါသည်ကို အလေးမထား ခေတ်ကာလအလိုက် လူကြိုက်များသော အသက်မွေးဝမ်းကြောင်း တက္ကသိုလ် ဝင်ခွင့်ရရှိရေး သူထက်ငါသာအောင် အစွမ်းကုန်ကြိုးစားကြရသည်။ ကျောင်းဆိုလည်း အကောင်းဆုံးကျောင်း၊ ကျူရှင်ဆိုလည်း အကောင်ဆုံးကျူရှင်၊ ဆရာဆိုလည်း အကောင်ဆုံးဆရာ စသည်ဖြင့် ကလေး တို့သည် နားရသည်မရှိ၊ အိပ်ချိန်မမှန်၊ စားချိန်မမှန် မိဘတို့၏ လောဘကြောင့် ကလေးအရွယ် လူငယ်တို့မှာ လိုအပ်သည်ထက် ပိုမိုပင်ပန်းကြရသည်။ လောကတွင် ဆရာဝန်ဖြစ်မှ အင်ဂျင်နီယာဖြစ်မှ လူရာဝင်သည်မဟုတ်၊ လူဖြစ်ရကျိုးနပ်သည်မဟုတ် ဆရာဝန်၊အင်ဂျင်နီယာ ဖြစ်လျက် ချမ်းသာပျော်ရွှင်မှု မရရှိသူတို့လည်း များစွာရှိကြောင်း ရှင်ပြပေးခဲ့သည်။

 P.W.A(ပြန်/ဆက်)