မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းပြုလုပ်

မုဒုံ မတ် ၁၀

ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်နှင့် လူအများရှေ့တွင် စကားပြောဆိုရာ၌ ရဲဝံ့စွာစကားပြောဆိုနိုင်သည့် အလေ့ကျင့်ကောင်းများရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများရရှိ​ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူငယ်ရေးရာကော်မတီများပူးပေါင်း၍ ယနေ့နံနက်(၁၁)နာရီက မုဒုံမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းက အသိပညာအတတ်ပညာနှင့်ပြည့်စုံသည့် အနာဂတ်မျိုးဆက်သစ် လူငယ်/လူရွယ်များလိုအပ်ကြောင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ စိတ္တ၊ ဘောဂစသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး အချင်းချင်းရင်းနှီးခင်မင်ပြီး ယဉ်ကျေးလိမ္မာစွာပြောဆိုဆက်ဆံတတ်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

စကားဝိုင်းတွင် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မိုးမိုးစန္ဒာထွန်းနှင့် မြို့နယ်အားကာမှူးဒေါ်နွယ်နီစံတို့ကဆောင်ရွက်ကာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်း ကျောင်းမှ သင်တန်းသူမဝါဝါချိုကလူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ သင်တန်းသူမပြည့်ပြည့်စိုးက လူငယ်နှင့်ယဥ်ကျေးမှုတန်ဖိုး၊ သင်တန်းသူမအိသက်မွန်က လူငယ်နှင့်စာဖတ်ခြင်းအကျိူးနှင့် သင်တန်းသူမလေးငယ်က လူငယ်နှင့်ပညာရေးစသည့် ခေါင်းစဉ်များအလိုက် အကြောင်းအရာများအား ဆွေးနွေး​ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ သင်တန်းနည်းပြဆရာမနှင့် သင်တန်းသူ(၃၀)ဦးခန့်တက်ရောက်ခဲ့ရာ တက်ရောက်လာသော သင်တန်းသူများမှမိမိတို့သိရှိလိုသည့်အကြောင်းအရာများအား ပြန်လည်မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မုဒုံသူ