အမာမြို့၊ Community Centre ခန်းမ၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်

အမာ မတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီအချိန်က ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းဖွင့်လှစ်ခဲ့သည်။

ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းတွင် ရှေးဦးစွာဒုတိယဦးစီးမှူးနော်လေးလီယန်က သင်တန်းပြု လုပ်ရသည့်ရည်ရွယ်ချက်ကို ပြောကြားရာတွင် အိမ်တွင်းမှုအတတ်ပညာတစ်ခုဖြစ်သည့် ဆပ်ပြာဆီကိုပြုလုပ်တတ်ပါက အသုံးစရိတ်သက်သာစေသလို  ဝင်ငွေတိုးတက်ရှာဖွေလိုပါက အကျိုးရှိစွာအသုံးချနိုင်ကြောင်းပြောကြားခဲ့ပြီး ဆပ်ပြာဆီပြုလုပ်ရာတွင် ပါဝင်ပစ္စည်းများမှာ ချွဲဆေး၊ SLSအမြုပ်ဆီ၊ အနံ့ဘူး၊ အရောင်မှုန့်၊ ဆားနှင့်ရေတို့ ပါဝင်ပြီး ပြုလုပ်နည်းအဆင့်ဆင့် ဖြစ်သောတိကျစွာဖျော်စပ်နည်းများကို နော်အေးအေးသက်မှ သင်ကြားပြသပေးခဲ့ကြောင်းနှင့် ၎င်းဆပ်ပြာဆီကို ပန်းကန်ဆေးရာတွင်ဖြစ်စေ၊ အဝတ်လျှော်ရာတွင်ဖြစ်စေ ဘက်စုံအသုံးပြု ၍ ရကြောင်းသိရသည်။

အဆိုပါသင်တန်းပြုလုပ်ရာသို့ ပြန်/ဆက် ဦးစီးဌာနဝန်ထမ်းများ၊ Book Club အဖွဲ့ဝင် အမျိုးသမီးငယ်များ တက်ရောက် ခဲ့ကြပြီး နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များအတွက် အကျိုးရှိမည့်သင်တန်းများ၊ စာဖတ်ဝိုင်းများ၊ Talk Show များကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နော်လေးလီယန်

အမာ (ပြန်/ဆက်)