ဝမ်းတွင်းမြို့၌ စက်သုံးဆီဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသ

ဝမ်းတွင်း မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြသမှုကို ယမန်နေ့ မွန်းလွဲပိုင်းက စက်သုံးဆီအရောင်းဆိုင်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအဖြင့် ပွင့်လင်းရာသီတွင် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရန် မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပြီး မီးလန့်မှုများ ဖြစ်ပေါ်လာပါက ကြိုတင်မီးငြိမ်းသတ်နိုင်စေရန် မီးသတ်ဆေးဘူးများဖြင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်းကို သရုပ်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ် သရုပ်ပြသခြင်းသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းနှင့် စခန်းတာဝန်ခံ အရာရှိများ၊ တပ်ဖွဲ့ဝင်များ၊ စက်သုံးဆီအရောင်းဆိုင်များမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရဲမျိုးသက်(ပြန်/ဆက်)