တာမိုးညဲချမ်းသာ သစ်အခြေခံစက်မှုလုပ်ငန်း ကုမ္မဏီလီမိတက်၏ လုပ်အားခပေး‌ချေပြီး ပိုလျှံငွေများကို အလုပ်ရှင်သို့ပြန်လည်ပေးအပ်ခြင်း အခမ်းအနား

ချမ်းမြသာစည် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းနှင့် ၇၈ လမ်းကြား၊ စစ်ကိုင်းလမ်းခွဲရှိ နားမကြားသောကလေးများကျောင်းခန်းမတွင်  တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှုလုပ်ငန်းကုမ္မဏီလီမိတက်၏ အလုပ်သမားများအား လုပ်အားခပေး‌ချေပြီး ပိုလျှံငွေများကို အလုပ်ရှင်သို့ ပြန်လည်ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ် ခဲ့‌ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကိုက အမှာစကားပြောကြားပြီး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မဟာအောင်မြေခရိုင်၊ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်၀င်းရွှေက ပိုလျှံငွေ ကျပ်သိန်း (၅၀၀) ကျော်အား ပြန်လည်ပေးအပ်ခဲ့ရာ တာမိုးညဲချမ်းသာ သစ်အခြေခံ စက်မှုလုပ်ငန်းကုမ္မဏီလီမိတက်၊ မန္တလေးရုံးခွဲမှ လုပ်ငန်းပိုင်ရှင် ဦးလော်လူ+ဒေါ်လှခင်တို့က လက်ခံရယူခဲ့ကြသည်။ ထို့နောက် တာမိုးညဲချမ်းသာ သစ်အခြေခံစက်မှုလုပ်ငန်းကုမ္မဏီလိမိတက်၏ တာ၀န်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ပိုလျှံငွေများ ပြန်လည်ပေးအပ်ခြင်း အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊လူမှုရေးရာ၀န်ကြီး ဦးယဉ်ထွေး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို၊ မဟာအောင်မြေခရိုင် ၊စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်၀င်းရွှေနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)