မာန်အောင် မတ် ၁၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ရောက်ရှိနေသော တပ်မတော်နယ်လှည့် ဆေးကုသရေး ပင်လယ်သွားဆေးရုံရေယာဥ်(သံလွင်)မှ အထူးကုပါရဂူဆရာဝန်ကြီးနှင့် အဖွဲ့သည် ယမန်နေ့နံနက် ၁၁ နာရီခွဲမှ ညနေ ၅ နာရီထိ အနောက်စုရပ်ကွက်ရှိ မာန်အောင်မြို့နယ်ခန်းမတွင် အခြေပြု၍ ဒေသခံ ပြည်သူ(၈၅၅)ဦးအား ဆေးကုသပေးခဲ့သည်။
အဆိုပါ ဆေးကုသရေးအဖွဲ့သည် ဒေသခံပြည်သူများအား ဆေးကုသမှုဆိုင်ရာ (၂၅၀)ဦး၊ ခွဲစိတ်ရောဂါ (၄၁)ဦး၊ ကလေးရောဂါ(၃၄)ဦး၊ သားဖွားမီးယပ်ရောဂါ (၅၉)ဦး၊ အရိုးရောဂါ(၁၀၅)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း ရောဂါ(၅၄)ဦး၊ မျက်စိရောဂါ(၂၅၀)ဦး၊ သွားရောဂါ(၆၂)ဦး၊ စုစုပေါင်း(၈၅၅)ဦးတို့အား ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။
သိန်းဖေ(ပြန်/ဆက်)