ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ကျောက်တလုံးကြီးမြို့ ၁၆ ကုတင်ဆံ့ စံကိုက်တိုက်နယ်ဆေးရုံသစ်အတွက် ထောက်ပံ့ငွေများ လှူဒါန်းပေးအပ်

ကျောက်တလုံးကြီး မတ် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့  (၁၆)ကုတင်ဆံ့ စံကိုက်တိုက်နယ်ဆေးရုံသစ်အတွက် ထောက်ပံ့ငွေ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးအောင်ဇော်အေးက  တက်ရောက် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုင်းသော်ဝင်းနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံသစ်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို မှာကြားကာ ဆေးရုံတက်လူနာများနှင့် ဆေးရုံသစ်အတွက် ထောက်ပံ့ငွေများကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)